Sunday, June 15, 2014

ကချင်သောင်းကျန်းသူသမိုင်း (ဒုတိယပိုင်း)

Myen gaw an hte Kachin a lam n kaja ai hku ka shaleng da nga ai,Rai tim yawng gum hpawn nna hti dat yu yang KIO/KIA bungli kaba ramram lu galaw ai ngu hpe chye la lu nga ai.

ကေအိုင်အေများ တစ်ဖက်နိုင်ငံနှင့်ဆက်သွယ်ခြင်း 
၂ဝ။ ၁၉၆၇ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် ကျောင်းသားအရေးအခင်းဖြစ်ပွား ပြီးနောက်ကေအိုင်အေ ခေါင်းဆောင် ဇော်တူးသည် တစ်ဖက်နိုင်ငံဘက်မှ ပြတ်သားစွာထောက် ခံကြောင်း ကြေ ညာခဲ့သည်။ ထိုအချိန်တွင် ကေအိုင်အေသောင်းကျန်း သူများသည် တပ်မတော်ထိုးစစ်ကြောင့် ပျောက်ကွယ် သွား လုမတတ် အထိနာခဲ့ရာမှ အမှတ်(၇၇)
ခြေမြန်တပ်မဌာနချုပ်ဖွဲ့စည်းရန် တပ်များထုတ်နုတ်မှုကို အခွင့်ကောင်းယူ၍ ပြန်လည်ခေါင်းထောင် ထလာနိုင်ချိန်ဖြစ်သည်။ ကေအိုင်အေခေါင်းဆောင်များသည် စစ်ရေး လှုပ်ရှားမှုများပြုလုပ်နိုင်ရန်အတွက်
ပြည်ပ အကူအညီရရှိရေးကို အပြင်းအထန်ကြိုးစားခဲ့သည်။
၂၁။ ၁၉၆၇ ခုနှစ်၊ ဇူလိုင်လအတွင်းမှာပင် ကေအိုင်အေတပ်မဟာ(၂)မှ နိုင်ငံရေးတာဝန်ခံမရန်ဘရန် ဆိုင်းနှင့် အင်အား ၃၄ ယောက်အဖွဲ့သည် တစ်ဖက်နိုင်ငံသို့ထွက်ခွာ၍ စစ်ရေး၊ နိုင်ငံရေးသင်တန်းများ တက်ရောက်ရန်နှင့် လက်နက်ခဲယမ်းအကူအညီများရရှိရန် ကြိုးစားခဲ့ကြသည်။ ဘရန်ဆိုင်းတို့လူစုသည် လက်နက်ငယ်မျိုးစုံ ၄၂ လက်၊ လက်ပစ်ဗုံး ၃၆ လုံးနှင့် ကျည်မျိုးစုံနှစ်သေတ္တာကိုရရှိလာပြီးနောက် ထိုနှစ် စက်တင်ဘာလ အတွင်းတွင် ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာကြသည်။

၂၂။ မရန်ဘရန်ဆိုင်းတို့လူစု လက်နက်ခဲယမ်းများရရှိ လာသောအခါ ကေအိုင်အေတပ်မဟာ (၂)မှူး ဇော်တူး ခေါင်းဆောင် သည့်အဖွဲ့သည် ၁၉၆၇ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့တွင် ပြည်ပသို့ ခရီးထွက်ခွာ ကြပြန်သည်။ထိုအဖွဲ့တွင် တပ်မဟာ(၂)မှူး ဇော်တူးကခေါင်းဆောင်ပြီး အထွေထွေအတွင်းရေးမှူး ပုံရွှေဇော်ဆိုင်း၊ နိုင်ငံခြားရေးတာဝန်ခံ ဘရန်ဆိုင်းတို့လည်းလိုက်ပါကြသည်။ စုစုပေါင်းအင်အား ၄၂၅ ယောက်ပါဝင်သည်။ ထိုအဖွဲ့သည် လက်နက်ခဲယမ်းအကူအညီရရှိရေး၊ နိုင်ငံရေး၊ စစ်ရေးသင်တန်းများ တက်ရောက်ရေးတို့ကို နည်းမျိုးစုံဖြင့် ကြိုးစားကြသည်။

၂၃။ ဇော်တူးတို့အဖွဲ့သည်လိုအပ်ပါက ဗမာပြည်ကွန်မြူနစ်ပါတီနှင့်ပူးပေါင်း၍ဘုံရန်သူဖြစ်သော ဗမာ အစိုးရကိုတိုက်ခိုက်ရန် သဘောတူညီကြသည်။ ဇော်တူးတို့လူစုသည် လက်နက်ငယ်မျိုးစုံ ၈ဝဝ လက်၊ ကျည်မျိုးစုံ ၁၇ဝ,ဝဝဝ တောင့်နှင့် စစ်ဝတ်ပစ္စည်းများရရှိခဲ့ကြသည်။ ကေအိုင်အေများသည် လက်နက်ခဲယမ်း ရရှိရေးအတွက် ယခင်ကရန်သူဖြစ်ခဲ့သည့် ဗကပများနှင့်ပူးပေါင်းရန်ဆုံးဖြတ်ခဲ့ကြရသည်။
၂၄။ ၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဇော်တူးခေါင်းဆောင်သော ကေအိုင်အေအင်အား ၃ဝဝ ခန့်သည် မောင်းပြန်ရိုင်ဖယ်များအပါအဝင် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ပြည်တွင်းသို့ ပြန်လည်ရောက်ရှိ လာကြသည်။ ထို့နောက် တြိဂံနယ်မြေတွင်ရှိသော ကေအိုင်အေတပ်မဟာ(၂)ဌာနချုပ်မှ မိုင်ရွန်ကွန်ဂျာနှင့် ကွန်ဆာဘောက်နော်တို့ဦးစီးသော တိုက်ခိုက်ရေးတပ်နှင့် ကိုယ်ရံတော်တပ်များကို လက်နက်ခဲယမ်းများ တပ်ဆင်ပေးကြသည်။ ကေအိုင်အေများသည် ပြည်ပမှလက်နက်ခဲယမ်းများ ရရှိလာကြသောကြောင့် တပ်မတော် ကို ပစ်အားသုံး၍ တိုက်ခိုက်လာနိုင်ကြသည်။

၂၅။ ဇော်တူးသည် တစ်ဖက်နိုင်ငံမှပြန်လာပြီးနောက် ကွန်မြူနစ်ဝါဒနှင့် မော်စီတုံးအတွေးအခေါ်ကို သဘောတရား လက်နက်အဖြစ်တပ်ဆင်၍ စည်းရုံးလာရာနယ်မြေလူထုက လက်မခံသဖြင့် အောင်မြင်မှုမရ ရှိခဲ့ပေ။ ထို့အပြင် ကေအိုင်အေငယ်သားများအတွင်းတွင်လည်း ကွန်မြူနစ်ဝါဒကို လက်မခံလိုသူများ ပေါ်ထွက် လာသည်။ ကေအိုင်အေအဖွဲ့အစည်း အတွင်း၌ခေါင်းဆောင်ငယ်များ ခန့်အပ်ရာတွင်လည်း ဂျိန်းဖောလူမျိုးကြီး ဝါဒကို ကျင့်သုံးပြီးအခြား မရူ(ခေါ်)လောင်ဝေါ်၊ လီဆူး(ခေါ်) ယောယင်၊ လချိတ်(ခေါ်) လရှီ စသော ကချင် မျိုးနွယ်ဝင်လူမျိုးစုများ မကျေမနပ်ဖြစ်လာကြသည်။ ကေအိုင်အေ အဖွဲ့အစည်း၏ ခေါင်းဆောင်မှု ကို ဇော်ဆိုင်း၊ ဇော်တူး၊ ဇော်ဒန်ဟူသော ဇော်ညီအစ်ကိုသုံးဦးကသာ လက်ဝါးကြီး အုပ်ထားခြင်းနှင့် ပတ်သက်၍လည်း မကျေမနပ် ဖြစ်လာကြသည်။
၂၆။ ၁၉၆၈ ခုနှစ် မတ်လတွင် ကေအိုင်အေတပ်ရင်း (၄)မှ မရူ(ခေါ်)လောင်ဝေါ်လူမျိုး ဇေလွမ်းနှင့် လရှီ (လချိတ်)လူမျိုးစခုံတိန်ယိန်းတို့ခေါင်းဆောင်သော ကေအိုင်အေ ၁၂ဝ ခန့်သည် ကေအိုင်အေအဖွဲ့မှ ခွဲထွက်၍ ပြည်ပသို့သွားရောက်ကာ ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် ပူးပေါင်းခဲ့သည်။ ယင်းကိုအကြောင်းပြု၍ ၁၉၆၈ ခုနှစ်မှအစပြု၍ ဗမာပြည်ကွန်မြူနစ်ပါတီသည် ကချင်ပြည်နယ်၊ မေခမြစ်အရှေ့ခြမ်းဒေသ ချီဗွေ၊ လောခေါင်၊ ဆော့လော်ဒေသများတွင် အခြေချနိုင်လာတော့သည်။

ကေအိုင်အေသောင်းကျန်းသူများ၏ အခြေအနေ (၁၉၇၁-၁၉၇၂ ခုနှစ်) 
၂၇။ ကေအိုင်အေများသည် တစ်ဖက်နိုင်ငံမှ အကူအညီရယူခဲ့သော်လည်း ဗကပများနှင့်မူ မကြာခဏ ပဋိပက္ခဖြစ်နေခဲ့သည်။ ကွတ်ခိုင်ဒေသတွင် ဗကပစစ်နယ်မြေတိုးချဲ့မှုကြောင့် ကေအိုင်အေများသည် တပ်မတော် အား လာရောက်ဆက်သွယ်ခဲ့သည်။ တပ်မတော်ကိုမတိုက်ဘဲ ဗကပကိုသာဦးတည်ရန်သူအဖြစ် တိုက်ခိုက်နေခဲ့ သည်။ သို့သော် ၁၉၆၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဇော်ဒန်နှင့် အင်အားစုများက ကချင်(၄)ကို ချုံခိုတိုက်ခိုက်ခဲ့သည်။ ထို့နောက်ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကေအိုင်အေများသည် ဗကပတပ်ရင်း(၂ဝ၂)၊ (၃ဝ၃)တို့နှင့် နားလည်မှု ယူခဲ့ပြန်သည်။ ၁၉၇ဝ ပြည့်နှစ်မှစ၍ ကေအိုင်အေ တပ်မဟာ(၂)၊ တပ်ရင်း(၅)နှင့် တပ်ရင်း(၆)ကို ဇော်တူး ကိုယ်တိုင်ကွပ်ကဲ၍ ကာမိုင်းမြို့နယ်၊ ဖားကန့်လုံးခင်း ဒေသမှကျောက်စိမ်းများအား ထိုင်းနိုင်ငံသို့ ခိုးထုတ်ရောင်းချ ခဲ့ကြသည်။ ထို့နောက်ထိုင်းနိုင်ငံမှပင် စစ်လက်နက်များကိုဝယ်ယူကြသည်။ အိန္ဒိယနိုင်ငံမှ ဖီဆိုနာဂ သောင်းကျန်းသူများကိုလည်း တရုတ်နိုင်ငံမှသင်တန်းပေး၍ လက်နက်တပ်ဆင် လာသည်။ ဖီဆိုများအား အိန္ဒိယသို့ ပြန်ပို့ပေး၍ လက်နက်တောင်းယူခြင်းများကိုလည်း လုပ်လာသည်။ အရှေ့ ပါကစ္စတန်နှင့် အပြန်အလှန်ဆက်သွယ် ကူညီမှုများရှိခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံပေါ်ပေါက် လာသောအခါ အဆက်အသွယ်ပြတ်သွားရသည် တပ်မဟာ(၁)မှူး ဇော်ဒန်က ရခိုင်သောင်းကျန်းသူများ ကိုလက်နက်တပ်ဆင်လေ့ကျင့်ပေးခဲ့သည်။ ကေအိုင်အေ ဥက္ကဋ္ဌဇော်ဆိုင်းသည် ထိုင်းနိုင်ငံမှတာဝန်ရှိသူ အချို့နှင့်ညှိနှိုင်းကာ ယင်းစစ်ဌာနချုပ်ကို ထိုင်းနိုင်ငံအတွင်းတွင် ဖွင့်လှစ်ထားခဲ့သည်။
၂၈။ ၁၉၇၂ခုနှစ်အတွင်းတွင် ကေအိုင်အေစစ်ဌာနချုပ်သည် ဇော်ဆိုင်းခေါင်းဆောင်၍ ထိုင်းနိုင်ငံ ထန်ဝိုးစခန်းတွင်လည်းကောင်း၊ တပ်မဟာ(၁)သည် ဇော်ဒန်ခေါင်းဆောင်၍ ကွတ်ခိုင်၊ လားရှိုးနှင့် ဗန်းမော်ခရိုင်များတွင်လည်းကောင်း၊ ဇော်တူးခေါင်းဆောင်သော တပ်မဟာ(၂)သည် ဖားကန့်နယ်မြေနှင့် မြစ် ကြီးနားခရိုင်တွင်လည်းကောင်း ခိုအောင်းလှုပ်ရှားကာ အိမ်နီးချင်းနိုင်ငံများမှ လက်နက်ခဲယမ်းအကူအညီ ရရှိရေးကိုကြိုးစားလျက်ရှိသည်။စီးပွားရေးအရ ကျောက်စိမ်းနှင့်ဘိန်းများ
ကိုလည်းတိုးချဲ့ရောင်းဝယ်လာ ကြ လေသည်။
၁၉၇၂ ခုနှစ် မတ်လတွင်ရှိသော ကေအိုင်အေသောင်းကျန်းသူတို့၏ အင်အား
၂၉။ ကေအိုင်အေ
(က) ကေအိုင်အေစစ်ဌာနချုပ်။ ဇော်ဆိုင်း။
(ခ) တပ်မဟာ(၁)။ ဇော်ဒန်နှင့်အင်အား ၁၄၈ ယောက်။
(ဂ) လားရှိုးခရိုင် နှင့်ဗန်းမော်ခရိုင်
(၁) လားရှိုးခရိုင်တွင်လွမ်းဒေါင်နှင့် တပ်ရင်း(၂)၊ဇော်ဘွန်နှင့် တပ်ရင်း (၈)၊ ဒေါင်ခေါင်းနှင့် တပ်ရင်း(၉)တို့ကတာဝန်ယူသည်။
(၂) ဗန်းမော်ခရိုင်တွင်ဒွရောင်နှင့် တပ်ရင်း(၁)၊ ဂေါ်ရူလဒွနှင့် တပ်ရင်း (၅)တို့က တာဝန်ယူ သည်။
(ဃ) တပ်မဟာ(၂)။ ဇော်တူးနှင့် အင်အား ၁,၄၆၉ ယောက်ရှိပြီး ဇော်ဘောက်က တပ်ရင်း(၃)၊ ဇုတ်ဒိုင်ကတပ်ရင်း(၄)၊ လမာလရိန်းကတပ်ရင်း(၆)၊ ဇော်ဘောက်ကတပ်ရင်း(၇)၊ မဒင်ကီးယော် က တပ်ရင်း(၁ဝ)၊ ကဒေါ်ဇော်ဆိုင်းက တပ်ရင်း(၁၁) စသည်ဖြင့်တပ်ရင်းများအလိုက် တာဝန်ယူပြီး မြစ်ကြီးနားခရိုင်၊ တြိဂံဒေသ၊ ဧရာဝတီအနောက်ခြမ်း ဒေသများတွင် လှုပ်ရှား သည်။
(င) စုစုပေါင်းအင်အား။ ပြည်တွင်းတွင် ၂၉၅ဝ ခန့်ရှိပြီး ထိုင်းနိုင်ငံ ထန်ဝိုးတွင်ဌာနချုပ် ဖွင့်လှစ် ထားသည်။

သောင်းကျန်းသူအဖွဲ့အစည်းအချင်းချင်းဆက်သွယ်မှုများနှင့်ပဋိပက္ခများ 
၃ဝ။ ဗကပနှင့်ကေအိုင်အေသောင်းကျန်းသူများ။ ဗမာပြည်ကွန်မြူနစ်ပါတီမှ အင်အားစုအချို့သည် ၁၉၅ဝ ပြည့်နှစ်ကတည်းက ပြည်ပနိုင်ငံသို့ရောက်ရှိခဲ့ပြီးနောက် ၁၉၆၄ ခုနှစ်မှစ၍ ပြည်ပ ကွန်မြူနစ် ပါတီ၏ နိုင်ငံရေး၊ စစ်ရေး အကူအညီများ တစ်စတစ်စ တိုးတက်များပြားစွာ ရရှိလာခဲ့သည်။ ကေအိုင်အေများ သည်လည်း အိမ်နီးချင်းနိုင်ငံများမှ အကူအညီရရှိရန် အကြိမ်ကြိမ်ကြိုးစားခဲ့ရာ ၁၉၆၇ ခုနှစ်၊ ပြည်ပ ကျောင်းသားများ အရေးအခင်းကို အကြောင်းပြု၍ ပြည်ပနိုင်ငံက နိုင်ငံရေး၊ စစ်ရေးသင်တန်း များပေးရန် လက်နက်ခဲယမ်းများ ထောက်ပံ့ရန် ကတိပေးခဲ့သည်။ ၁၉၆၇ ခုနှစ် ဇူလိုင်လတွင် မရန်ဘရန်ဆိုင်းဦးစီးသောရှေ့ပြေးအဖွဲ့၃၄ ယောက်သည်
ပြည်ပနိုင်ငံသို့ရောက်ရှိသွားသည်။ ထို့နောက် မြို့တစ်မြို့တွင် ပြည်ပ အာဏာပိုင်များနှင့် ဆွေးနွေးပြီး ကေအိုင်အေက ကွန်မြူနစ်ဝါဒခံယူရန် သဘောတူ ၍ပြည်ပက နိုင်ငံရေး၊ စစ်ရေးအကူအညီများ ပေးရန်သဘောတူညီခဲ့ကြသည်။ ထို့နောက် ဇော်တူး၊ ဇော်ဒန်၊ လမုံတူးဂျိုင်၊ မရန်ဘရန်ဆိုင်၊ ပုံရွှေ ဇော်ဆိုင်းတို့ ခေါင်းဆောင်သော ကေအိုင်အေ ၄၂၅ ယောက်အဖွဲ့သည် ၁၉၆၇ ခုနှစ်၊ နိုင်ဝင်ဘာလ ၄ ရက်နေ့မှ ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့အထိ ပြည်ပနိုင်ငံသို့သွားရောက်ခဲ့ပြီး မြိုတစ်မြို့တွင် ဗသိန်းတင်၊ နော်ဆိုင်းတို့နှင့် ဆွေးနွေးခဲ့သည်။ ထိုနောက်ပိုင်းမှစ၍ ကေအိုင်အေ သည် ပြည်ပနိုင်ငံမှ နိုင်ငံရေး၊ စစ်ရေးအကူအညီများရရှိခဲ့ပြီး စစ်ရေးလှုပ်ရှားမှုများကို တိုးတက်လုပ်ဆောင် နိုင် ခဲ့လေသည်။

၃၁။ ကေအိုင်အေများသည် ၁၉၇၆ ခုနှစ် နှစ်ကုန်မှစ၍ တပ်ရင်း(၉)ရင်းအထိဖွဲ့စည်းခဲ့ပြီး ကချင်ပြည် နယ်တွင် အင်အား ၁၇၅ဝ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အင်အား ၅ဝဝ အထိတိုးတက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံ ထန်ပိုးစခန်းတွင် အခြေစိုက်နေသော ဇော်ဆိုင်းထံမှလည်း လက်နက် ခဲယမ်းများ ရရှိခဲ့ကြသည်။ ၁၉၆၈ ခုနှစ်တွင် လက်ရွေးစင်အထူးတိုက်ခိုက်ရေးတပ်များဖွဲ့စည်း၍ တိုက်ခိုက် လာကြရာ မြစ်ကြီးနားနယ်မြေမှ ကဝပန်(အင်ဝိုင်-၂ဝ၄၄)၊ ဒူရစ်ဂါး (အင်ဝိုင်-ဝ၄၆၆)၊ တင်ဂရူးကောင်း (အင်ဝိုင်-၈၅ဝ၄) တပ်စခန်းများကျဆုံးခဲ့ရ သည်။ ၁၉၆၈ ခုနှစ် အတွင်းမှာပင် ဇတ်ဒိုင် ခေါင်းဆောင်သော တပ်ရင်း (၁ဝ)ကို စတင် ဖွင့်လှစ်ခဲ့သည်။

၃၂။ ဇော်ထူးသည် ကွန်မြူနစ်ဝါဒနှင့်ပြည်ပအတွေးအခေါ်ကိုလက်ခံခဲ့သော်လည်း အောက်ခြေငယ်သား များနှင့် နယ်မြေလူထုက ကွန်မြူနစ်ဝါဒကိုမနှစ်မြို့ကြပေ။ ကေအိုင်အေ၏ မူလစည်းရုံးမှုမှာလည်း ကျဉ်းမြောင်း သောလူမျိုးရေးနှင့်ဘာသာရေးကို အဓိကအခြေခံခဲ့သောကြောင့် ကွန်မြူနစ်ဝါဒနှင့် ဆန့်ကျင်ဘက် သဖွယ် ဖြစ်နေ သည်။ ကေအိုင်အေရောဗကပပါ ပြည်ပပုံစံကွန်မြူနစ်ဝါဒနှင့်ပြည်ပ
သြဝါဒကိုလက်ခံခဲ့ကြသော် လည်း ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင်နော်ဆိုင်းခေါင်းဆောင်သော ဗကပများ မုံးကိုး(အက်စ်-၂၄၉၉) ကို ဝင်ရောက် ရာမှစ၍ အကျိုးစီးပွားလုဘက်များဖြစ်လာကြသည်။ ၁၉၆၈ ခုနှစ်၊ မတ်လတွင် ကေအိုင်အေတပ်ရင်း (၄)အဖွဲ့(၁)မှူး၊ မရူလူမျိုးဇေလွမ်း၊ အဖွဲ့(၅) မှူး၊ ဇခုံတိမ်ယိမ်းနှင့် နောက်လိုက် ၁၂ဝ တို့ ကေအိုင်အေမှ ခွဲထွက်ပြီးပြည်ပနိုင်ငံသို့သွားရောက်ခိုလှုံခဲ့ကြသည်။
ဇေလွမ်းနှင့် ဇခုံတိမ်ယိမ်းအင်အားစုများသည် ဗကပနှင့် ပူးပေါင်းမိပြီး ဗကပတပ်ရင်း(၁ဝ၁)အဖြစ်
ပြန်ဝင်လာကြရာ ကေအိုင်အေများအနေနှင့်ဗကပအပေါ် ပိုမို၍ မကျေနပ်စရာ ဖြစ်လာခဲ့ရသည်။
၃၃။ ဗကပများသည်ရှမ်းပြည်မြောက်ပိုင်းတွင် အရှေ့မြောက်စစ်ဒေသများကိုဖွင့်လှစ်ရာ၌ နယ်ခံ ကေအိုင်အေများနှင့် ဒေသခံကချင်တိုင်းရင်းသားတို့အား လွယ်ကူစွာစည်းရုံးနိုင်စေရန် ကချင်တောခို စစ်ဗိုလ် နော်ဆိုင်းကိုခေါင်းဆောင်စေခဲ့ခြင်းဖြစ်သည်။ သို့သော် ဗကပနှင့်ကေအိုင်အေတို့၏ပဋိပက္ခမှာ ကြီးမား သည် ထက်ကြီးမားလာသည်။ ၁၉၆၈ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် ကေအိုင်အေတက် မဟာ(၂)ဌာနချုပ် ၌ပြုလုပ်သော အစည်းအဝေးက နော်ဆိုင်းခေါင်းဆောင်သော ဗကပများကို နံပါတ်(၁)ဦးစားပေးရန်သူအဖြစ် သတ်မှတ်လိုက်ပြီး ဇွန်လမှစ၍ ဗကပများအား စစ်ရေးရင်ဆိုင်မှုပြုလုပ်လာသည်။ ဇော်တူးကလည်း ကွန်မြူနစ်ဝါဒကို စွန့်လွှတ်ကြောင်း အတိအလင်းကြေညာသည်။ ကေအိုင်အေသည် ဗကပနှင့် တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း လက်နက် ခဲယမ်းများရရှိရေးအတွက်မူ ပြည်ပနိုင်ငံနှင့်တစ်ဘက်လှည့် ဆက် သွယ် နေရသည်။ အခြားနိုင်ငံများမှ အကူအညီရရှိရေးအတွက်မူ ပြည်ပနိုင်ငံများမှ အကူအညီရရှိရေးကိုလည်း ကြိုးပမ်းခဲ့သည်။ ၁၉၆၉ ခုနှစ် တွင် အိန္ဒိယနိုင်ငံမှ ဖီဇိုနာဂသောင်းကျန်းသူများအား ပြည်ပနိုင်ငံသို့ သင်တန်းတက်ရန်ပို့ပေးခဲ့ပြီး အပြန်တွင်ပြည်ပနိုင်ငံများမှ တပ်ဆင်ပေးလိုက်သော လက်နက်၊ ခဲယမ်း အချို့ကို ဖီဇိုနာဂများထံမှ ခွဲဝေရယူခဲ့သည်။ လူအင်အားအနေနှင့်ကား အသက် ၁၃ နှစ်အထက် ယောကျ်ားကလေး၊ မိန်းကလေးများကိုပါ အတင်းအဓမ္မဖမ်းဆီး၍ စစ်သားသစ်အဖြစ် သိမ်းသွင်း လေ့ကျင့်အသုံးပြုလာသည်။
၃၄။ ကေအိုင်အေတပ်မဟာ(၁)လက်အောက်တွင် တပ် ရင်း(၁)၊ (၂)၊ (၅)၊ (၈)နှင့် (၉)တို့ဖြင့် ဖွဲ့စည်းထားပြီး တပ်မဟာ(၂)လက်အောက်တွင် တပ်ရင်း(၃)၊ (၄)၊ (၆)၊ (၇)၊ (၁ဝ)နှင့်(၁၁)တို့ဖြင့် ဖွဲ့စည်း ထားသည်။ ဗကပ အား ဦးစားပေးရန်သူအဖြစ် သတ်မှတ်ထားသောကြောင့် ကေအိုင်အေ တပ်မဟာ(၁) သည် တပ်မတော်အား တတ်နိုင်သမျှရှောင်ရှားပြီး ဗကပကိုသာရှာဖွေတိုက်ခိုက်ခဲ့သည်။ တပ်မတော် စစ်ကြောင်းများကိုလည်း နားလည်မှု ယူနိုင်ရန် ဆက်သွယ်ကမ်းလှမ်းခဲ့သည်။
၃၅။ ကေအိုင်အေမှခွဲထွက်သွားခဲ့သော ဇေလွမ်းနှင့် စခုံတိမ်ယိမ်းတို့သည် ပြည်ပတွင် သင်တန်းဆင်းပြီး နောက် ဗကပတပ်ရင်း(၁ဝ၁)အဖြစ် ပြန်လည်ဝင်ရောက်လာသည်။ ဇေလွမ်းနှင့်အင်အား ၂ဝဝ ခန့်သည် ခန်တန်တောင်ကြားလမ်း (အက်စ်ဒီ-၉၅၁ဝ)သို့ ၁၉၆၉ ခုနှစ် မေလ ၁၉ ရက်နေ့တွင်လည်းကောင်း၊ မေလ ၂ဝ ရက်နေ့တွင် ကန်ပိုက်တီး(အက်စ်ဒီ-၉၁၅၇) သို့လည်းကောင်း ဝင်ရောက်ခဲ့ပြီး စခုံတိမ်ယိမ်းနှင့်အင်အား ၂ဝဝ ခန့်သည် ၁၉၆၉ ခုနှစ် မေလ ၂၇ ရက်နေ့တွင် တန်လုံ (အင်ဇက်-၃၉၆၉)ပြည်သူ့ရဲစခန်းကိုတိုက်ခိုက်၍ ပြည်တွင်းသို့ ဝင်ရောက်လာရာ မေခမြစ်အရှေ့ခြမ်း ချီဖွေ၊ လောခေါင် ၊ ဆောလောဒေသများတွင် ကေအိုင်အေနှင့် ထိပ်တိုက်တိုးလာ ရသည်။ ဇော်ဒန်ခေါင်းဆောင်သော တပ်မဟာ(၁)သည် ကွတ်ခိုင် နယ်မြေတွင် တပ်မတော်နှင့်နားလည်မှုယူ၍ လှုပ်ရှားနေရာမှ ၁၉၆၉ ခုနှစ်၊ ဖေဖော်ဝါရီလပထမအပတ်တွင် လားရှိုးမြောက်ဘက်၌ ကချင်(၄)ယာဉ်အုပ်စုအား ချုံခိုတိုက်ခိုက်ခဲ့သည်။ တစ်ဆက်တည်းမှာပင် ဗကပတပ်ရင်း(၂ဝ၂)၊ (၃ဝ၃)တို့နှင့် နားလည်မှုယူပြီးအပစ်အခတ် ရပ်စဲကြပြန်သည်။
၃၆။ ၁၉၆၉ ခုနှစ်၊ ဇူလိုင်လအတွင်းတွင် ကေအိုင်အေဗဟိုကော်မတီအစည်းအဝေးတစ်ရပ်ကျင်းပရာ ''ဝန်ပေါင်တိုင်းပြည်လွတ်မြောက်ရေးအဖွဲ့၏ မဟာနိုင်ငံရေးလမ်းစဉ်''ကို အတည်ပြုဆုံးဖြတ်ခဲ့ သည်။ ကေအိုင်အေတို့၏လမ်းစဉ်တွင် ဝန်ပေါင်တိုင်းပြည်လွတ်မြောက်ရေးအဖွဲ့ နိုင်ငံရေးယုံကြည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်၊ ဝန်ပေါင်တိုင်းပြည်လွတ်မြောက်ရေးအဖွဲ့၏ အဓိကအခြေခံသောတရားကိုယ်များ၊ တိုက်ဖျက်ရမည့်ရန်သူ၊ မျက်မှောက်အချိန် ဦးတည်တိုက်ဖျက်ရမည့်ရန်သူ၊ မည်သူကပြည်သူလူထု၊ မည်သူက ရန်သူ၊ ဝန်ပေါင်တိုင်းပြည်တက်ကြွရေး၏အခြေခံလူတန်းစား၊ ရည်မှန်းချက်ပန်းတိုင် ရောက်အောင် တိုက်ခိုက်သွားရမည့် နည်းဗျူဟာ၊ ပြည်သူလူထု၏တော်လှန်ရေး၊ ပြည်သူလူထု၏ စုစည်းညီညွတ်ရေး၊ လက်နက်ကိုင်တပ်ဖွဲ့စည်းထားရေး၊ နိုင်ငံတော် စီမံခန့်ခွဲရေး၊ ဝန်ပေါင်တိုင်းပြည် လွတ်မြောက်ရေး၏ သဘောထားနှင့် နိုင်ငံခြားရေးဝါဒ စသည်တို့ကို ခွဲခြား ရှင်းလင်းထားသည်။
၃၇။ ဇော်တူးခေါင်းဆောင်သော ကေအိုင်အေများသည် အခြေခံနယ်မြေများမှ လူသစ်များကို အတင်း အဓမ္မစုစည်းပြီးနောက်ဗွီဒီအက်(ခေါ်)ကျေးရွာကာကွယ်ရေးအဖွဲ့များနှင့် အယ်လ်ဂျီအက်ဖ်(ခေါ်) ဌာနေ ပြောက်ကျားတပ်များကိုပါ တစ်ပါတည်းဖွဲ့စည်း လေ့ကျင့်ခဲ့သည်။ ကျေးရွာလူကြီးများကို ခေါ်ယူ သင်တန်းပေးပြီး စည်းရုံးရေးလုပ်ငန်းများ လုပ်ကိုင်စေသည်။ မရန်ဘရန်ဆိုင်းသည် ပြည်ပနိုင်ငံသို့ သွားရောက်ပြီး ဗကပတို့၏ အခြေအနေကိုတင်ပြခဲ့သော်လည်း ပြည်ပအာဏာပိုင်များက ဗကပ၏ ခေါင်းဆောင် မှုအောက်သို့ ဝင်ရောက်ရန် သာ တိုက်တွန်းခဲ့သည်။ ၁၉၇ဝ ပြည့်နှစ် နှစ်ဆန်းတွင် ကေအိုင်အေ ၂၂ဝ ခန့်အား ပြည်ပနိုင်ငံသို့ သင်တန်း စေလွှတ်ရေးနှင့်ကေအိုင်အေကလည်း ကသာခရိုင်အတွင်းရှိ ဗကပ ၁၅ဝ ခန့်ကို ပြည်ပနိုင်ငံသို့ပို့ဆောင်ပေးရေးကို သဘောတူညီမှုရလာကြသည်။
၃၈။ ၁၉၇ဝ ပြည့်နှစ် မေလတွင် ထွန်းရွှေမောင်ခေါင်းဆောင်သော ရခိုင်လူငယ်တစ်စုအား ကေအိုင်အေ ကလက်နက်တပ်ဆင်ဖွဲ့စည်းလေ့ကျင့်ခဲ့ပြီး ကချင်၊ နာဂ မီဇိုရခိုင် သောင်းကျန်းသူများ ပူးပေါင်း လှုပ်ရှားနိုင်ရေးကို ကြိုးပမ်းခဲ့သည်။ ထိုစဉ်က အရှေ့ပါကစ္စတန် နိုင်ငံ (နောင်သော်ဘင်္ဂလားဒေ့ရှ်နိုင်ငံ) ကိုလည်း ကမ်းလှမ်းခဲ့သည်။
၃၉။ ဗကပနှင့်ကေအိုင်အေတို့သည် နားလည်မှုရယူပြီး အပစ်အခတ်ရပ်စဲထားကြရာမှ ဗကပများက မုံးပေါ်၊ နမ့်ချက်ဒေသမှတောင်ပိုင်းကေအိုင်အေနယ်မြေများသို့ မသိမသာချင်းနင်းဝင်ရောက်လာကြ သဖြင့် ကေ အိုင်အေနှင့်ဗကပတို့ အပြန်အလှန်ဖမ်းဆီးသတ်ဖြတ်မှုများ ပေါ်ပေါက်လာပြန်သည်။
ကေအိုင်အေ များသည် ပြည်ပကွန်မြူနစ်ပါတီ၏ လက်နက်ခဲယမ်းထောက်ပံ့မှုကို မှီခိုနေရသောကြောင့် ဗကပအား ပြတ်ပြတ် သားသားဆန့် ကျင်၍မရဘဲဖြစ်နေသည်။ ဗကပနှင့်ပြေလည်မှုရရန် ကြိုးပမ်းသော်လည်း အောင်မြင်မှုမရခဲ့ပေ။ ထို့ကြောင့် တပ်မတော်ထံ ဆက်သွယ်ချဉ်းကပ်မှုများ ပြုလုပ်လာကြပြန်သည်။ အစိုးရနှင့် စေ့စပ်ဆွေးနွေး ရန်ပြင်ဆင်လာ ကြသည်။ ထိုအချိန်မှာပင် ၁၉၇၁ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှ ၁ဝ ရက်နေ့အထိ လမုန်တူးဂျိုင်နှင့် ဗကပ ခေါင်းဆောင်များ မုံးပေါ်တွင်ဆွေးနွေးကြရာ သဘောတူညီချက် အချို့ရရှိသဖြင့် အစိုးရအားဘုံရန်သူအဖြစ်သတ်မှတ်ကြပြန်သည်။ ကေအိုင်အေတို့သည် ပြည်ပနိုင်ငံ၏ ထောက်ပံ့ပေးကမ်းမှု
ကိုလည်း လက်မလွှတ်နိုင်၊ ဗကပကိုလည်း လက်မခံနိုင်သောကြောင့် တပ်မတော်နှင့် ဗကပအကြားတွင် စစ်ရေးအခြေအနေပေါ်မူတည်၍ မကြာခဏပြောင်းလဲဆက်ဆံနေရလေသည်။
၄ဝ။ ၁၉၇၁ ခုနှစ် ဒီဇင်ဘာလတွင် ကေအိုင်အေတို့သည် စစ်ရေးတိုးမြှင့်ဆန့်ကျင်ရန် ရည်ရွယ်ချက်ဖြင့် တပ်ရင်း(၁၁)ရင်းကို စစ်ကြောင်းလေးကြောင်းဖွဲ့စည်း၍ တပ်မတော်အားတိုက်ခိုက်ရန်ကြိုးပမ်းလာသည်။ စစ်ကြောင်းများမှာ ဧရာဝတီမြစ်အနောက်ခြမ်းတွင် တပ်ရင်း(၅)၊ (၆) နှင့် (၁၂)တို့ကို ဇော်တူး ကိုယ်တိုင်ဦးစီး သော ကျားသစ်စစ်ကြောင်း၊ ကွတ်ခိုင်နယ်မြေတွင် တပ်ရင်း(၁)၊ (၂)၊ (၈)နှင့် (၉)တို့ကို ဇော်ဒန်ကိုယ်တိုင် ခေါင်းဆောင်၍ ဆင်စစ်ကြောင်း၊ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းဒေသတွင် တပ်ရင်း(၃)နှင့် (၁ဝ)ကို ကမ်ထွဲ ခေါင်းဆောင်၍ ခြင်္သေ့စစ်ကြောင်း၊ ပူတာအိုနယ်မြေတွင် တပ်ရင်း(၄)နှင့်(၇)ကို ဇော်အိမ်ခေါင်းဆောင်၍ ကြံ့စစ်ကြောင်းဟူ၍ဖြစ်သည်။ ဗကပနှင့်ကေအိုင်အေတို့မှာ နားလည်မှုယူထားကြသော်လည်း ခိုင်မြဲသော မဟာမိတ်များမဟုတ်သည့်အလျောက် ၁၉၇၂ ခုနှစ် နှစ်ဦးပိုင်းတွင် ဗကပတို့က ကေအိုင်အေနယ်မြေများကို ထိုးဖောက်စည်းရုံးလာသဖြင့် တိုက်ပွဲများဖြစ်ပွား လာပြန် သည်။ ကေအိုင်အေများကလည်း တပ်မတော်ထံသို့ ကိုယ်စားလှယ်စေလွှတ်ခြင်း၊ စာရေးသားဆက် သွယ်ခြင်းများပြုလုပ်လာပြန်သည်။ တစ်ချိန်တည်းမှာပင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဗကပများအားတိုက်ခိုက် ရင်း မကြာခဏအပစ်အခတ်ရပ်စဲ၍ မကြာခဏပင် ဆွေးနွေးခဲ့သည်။ ထိုင်းနိုင်ငံမှတစ်ဆင့် လက်ယာအုပ်စုနှင့် ဆက်သွယ်ပြီး အကူအညီရရန်လည်း ကြိုးစားမြဲ ကြိုးစားနေသည်။ တပ်မတော်အား နားလည်မှုယူခဲ့ခြင်းမှာမူ စစ်ရေးအရနှစ်ဖက်ညှပ်နေခြင်းမှ ယာယီ ထွက်ပေါက် ရရန်သာဖြစ်ခဲ့လေသည်။
၄၁။ ကေအိုင်အေများသည် ဗကပအား ဘုံရန်သူအဖြစ်သတ်မှတ်၍ တပ်မတော်နှင့်ပူးပေါင်းတိုက်ခိုက်ရန် လက်နက်၊ ခဲယမ်းနှင့်ဆေးဝါးပစ္စည်းများ အကူအညီတောင်းခံခဲ့သည်။ တပ်မတော်မှ ၁၉၇၂ ခုနှစ် ဇွန်လ ၁ဝ ရက်နေ့တွင် အပစ်အခတ်ရပ်စဲ၍ လူငယ်လူရွယ်များအား စည်းရုံးသိမ်းသွင်းခြင်း၊ ဆက်ကြေးမကောက် ရ သေးသောနေရာဒေသများတွင် မပေးခဲ့ရသောနှစ်များအတွက်ပါ အကြွေးသတ်မှတ်၍ ဆက်ကြေး ကောက် ယူ ခြင်းများပြုလုပ်ခဲ့သည်။ ထို့အပြင် တပ်များလှုပ်ရှားခြင်းမပြုရန် စည်းကမ်း သတ်မှတ်ချက်ကို ဖောက်ဖျက်၍ ဗကပအား တားဆီးပိတ်ဆို့ရန်အကြောင်းပြချက်ဖြင့် စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာသည်။ ၁၉၇၁ ခုနှစ်အတွင်း ကတည်းက ပလောင်တပ်ရင်း(၂)အား စတင်စည်းရုံးသိမ်းသွင်းခဲ့ရာ ၁၉၇၂ ခုနှစ်တွင် ဇော်ဒန်၏ တပ်မဟာ(၁) လက်အောက်သို့ရောက်ရှိလာသည်။
၄၂။ ကေအိုင်အေဗဟိုကော်မတီအစည်းအဝေး တစ်ရပ်ကို ဆမားဘွမ်(အက်စ်ဒီ-၆ဝ၇၆)တွင် ကျင်းပခဲ့ သည်။ အပစ်အခတ်ရပ်စဲထားစဉ်အတွင်း ဆက်ကြေးများကောက်ယူခြင်းကိုလည်း တိုးမြှင့်ပြုလုပ်နေသည်။ ၁၉၇၂ ခုနှစ် သြဂုတ်လ ၂၉ရက်နေ့တွင် ဟူးကောင်းတောင်ကြားဒေသ၌ တပ်ရင်း(၆)နယ်မြေတွင် ဗဟို ကော်မတီအစည်းအဝေးပွဲတစ်ရပ်ကို စတင်ကျင်းပကြပြန်သည်။
ကေအိုင်အေတို့၏ ဗဟိုကော်မတီ အစည်းအဝေး မပြီးဆုံးခင်မှာပင်တပ်မတော်သည်ယင်းတို့၏ မရိုးသားမှုများကြောင့် ဆက်လက်ဆွေးနွေးရန် အကျိုးမထူးတော့သဖြင့် ၁၉၇၂ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် ဆွေးနွေးပွဲကို ပယ်ဖျက် လိုက် တော့သည်။ ကေအိုင်အေ ဗဟိုကော်မတီအစည်းအဝေးပွဲသည် အောက်တိုဘာလ ၂၇ ရက်နေ့တွင်ပြီးခဲ့ရာ တပ်မတော်နှစ်ခုအစား တပ်မတော်လေးခုကို အောက်ပါအတိုင်းဆုံးဖြတ်၍ တိုးချဲ့ဖွဲ့စည်းခဲ့လေသည်-
(က) တပ်မဟာ(၁)အား တူးဂျိုင်ဦးစီး၍ ကချင်ပြည်နယ်မြောက်ပိုင်း။
(ခ) တပ်မဟာ(၂)အား ဇော်တူးဦးစီး၍ ကချင်ပြည်နယ်အနောက်ပိုင်း။
(ဂ) တပ်မဟာ(၃)အား ဇော်မိုင်ဦးစီး၍ ကချင်ပြည်နယ်အရှေ့ပိုင်း။
(ဃ) တပ်မဟာ(၄)အား ဇော်ဒန်ဦးစီး၍ ကချင်ပြည်နယ်တောင်ပိုင်း။
၄၃။ စစ်ဦးစီးချုပ်မှာ ဇော်ဆိုင်းဖြစ်ပြီး ဒုစစ်ဦးစီးချုပ်မှာ ဇော်တူးဖြစ်သည်။ ကချင် လွတ်မြောက်ရေး ကောင်စီ (ကေအိုင်စီ)ကိုလည်းဖွဲ့စည်းခဲ့သည်။ ကေအိုင်စီသည် ဗဟိုကော်မတီ၏ အမြဲတမ်း ကော်မတီ တာဝန်ကို ပူးတွဲ ထမ်းဆောင်ရန်ဖြစ်ပြီး အောက်ပါအတိုင်းပါဝင်ခဲ့ကြသည်-
(က) ဗိုလ်မှူးချုပ် ဇော်တူး =ဥက္ကဌ
(ခ) ဆလန်ကဘာပုံ ရွှေဇော်ဆိုင်း =အတွင်းရေးမှူး
(ဂ) ဗိုလ်မှူးကြီး တူးဂျိုင် =တွဲဖက်အတွင်းရေးမှူး
(ဃ) ဗိုလ်မှူးကြီး ဇော်ဒန် =အဖွဲ့ဝင်
(င) ဆလန်ကဘာမရန် ဘရန်ဆိုင်း =အဖွဲ့ဝင်
(စ) ဒုဗိုလ်မှူးကြီး လမာလရိန်း= အဖွဲ့ဝင်
(ဆ) ဆလန်ကဘာ ဇော်အောင် =အဖွဲ့ဝင်
(ဇ) ဒုဗိုလ်မှူးကြီး ဇော်မိုင် = အဖွဲ့ဝင်
(ဈ) ဗိုလ်မှူး မရန်ဘရန်တောင် = အဖွဲ့ဝင်
(ည) ဗိုလ်မှူး ခွန်ချို = အဖွဲ့ဝင်
(ဋ) ဗိုလ်မှူး ဇော်ဘွန် = စီးပွားရေးတာဝန်ခံ
(ဌ) ဗိုလ်မှူး ဇော်ဖန် = အဖွဲ့ဝင်
၄၄။ ကချင်လွတ်မြောက်ရေးကောင်စီ(ကေအိုင်စီ)အောက်တွင် အောက်ပါအဖွဲ့အစည်းသုံးရပ် တည်ရှိသည်-
(က) ကချင်လွတ်မြောက်ရေးတပ်မတော်(ကာကွယ်ရေး)ကေအိုင်အေ။
(ခ) အုပ်ချုပ်ရေးအဖွဲ့။
(ဂ) ကချင်ပြည်လွတ်မြောက်ရေးစည်းရုံးရေးအဖွဲ့၊ (ကေအိုင်အို)။
၄၅။ ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)တွင် အောက်ပါစစ်ဦးစီးအဖွဲ့ကို ဖွဲ့စည်းထားသည်-
(က) ဗိုလ်ချုပ် ဇော်ဆိုင်း= ဥက္ကဌ
(ခ) ဗိုလ်မှူးချုပ် ဇော်တူး = ဒုဥက္ကဌ (တပ်မဟာ-၂)
(ဂ) ဗိုလ်မှူးကြီး တူးဂျိုင်= အတွင်းရေးမှူး (တပ်မဟာ-၁)
(ဃ) ဗိုလ်မှူးကြီး ဇော်ဒန် =အဖွဲ့ဝင် (တပ်မဟာ-၄)
(င) ဒုဗိုလ်မှူးကြီး လမာလရိန်း = တွဲဖက်အတွင်းရေးမှူး
(စ) ဒုဗိုလ်မှူးကြီး ဇော်မိုင် = အဖွဲ့ဝင် (တပ်မဟာ-၃)
(ဆ) ဗိုလ်မှူး ဘရန်တောင်= အဖွဲ့ဝင်
၄၆။ ကေအိုင်အေတွင် တပ်စိတ်မှတပ်စု၊ တပ်ခွဲ၊ တပ်ရင်း တပ်မဟာအဆင့်အထိ စနစ်တကျဖွဲ့ စည်းထားပြီး တပ်မဟာ(၁)တွင် တပ်ရင်း(၄)၊ (၇)နှင့် (၁ဝ)၊ တပ်မဟာ (၂)တွင် တပ်ရင်း(၅)၊ (၆)နှင့် (၁၁)၊ တပ်မဟာ(၃)တွင် တပ်ရင်း (၁)နှင့် (၃)၊ တပ်မဟာ (၄)တွင် တပ်ရင်း(၂)၊ (၈)နှင့်(၉)တို့ ပါဝင်ကြသည်။ တပ်မဟာမှူးသည် တိုင်းအုပ်ချုပ်ရေးကိုလည်းကောင်း၊ တပ်ရင်းမှူးသည်ခရိုင်အုပ်ချုပ်ရေးကိုလည်းကောင်း၊
အဖွဲ့မှူးသည် မြို့နယ်အုပ်ချုပ်ရေးကိုလည်းကောင်း၊ အဖွဲ့ငယ်မှူးသည် တိုက်နယ်အုပ်ချုပ်ရေး ကိုလည်းကောင်း တာဝန်ယူကြရသည်။ အုပ်ချုပ်ရေးအနေနှင့် တိုင်းများကို အောက်ပါအတိုင်းခွဲခြား၍ တာဝန်ယူကြရသည်-
(က) ကချင်ပြည်နယ်မြောက်ပိုင်းတိုင်းအုပ်ချုပ်ရေး(တပ်မဟာ-၁) 
      (၁) ဗိုလ်မှူးကြီး လမုံတူးဂျိုင် တိုင်းအုပ်ချုပ်ရေးမှူး
      (၂) ဗိုလ်မှူး ဒွဲရှောင် ဒုတိုင်းအုပ်ချုပ်ရေးမှူး
       (၃) ဗိုလ်မှူး မရန်ဘရန်ရှောင် ဘဏ္ဍာရေးအရာရှိ
(ခ) ကချင်ပြည်နယ်အနောက်ပိုင်းတိုင်းအုပ်ချုပ်ရေး(တပ်မဟာ-၂) 
      (၁) ဗိုလ်မှူးချုပ် ဇော်တူး တိုင်းအုပ်ချုပ်ရေးမှူး
     (၂) ဒုဗိုလ်မှူးကြီး လမာလရိန်း ဒုတိုင်းအုပ်ချုပ်ရေးမှူး
  (ဂ) ကချင်ပြည်နယ်အရှေ့ပိုင်းတိုင်းအုပ်ချုပ်ရေးအဖွဲ့(တပ်မဟာ-၃) 
     (၁) ဒု-ဗိုလ်မှူးကြီး ဇော်မိုင် တိုင်းအုပ်ချုပ်ရေးမှူး
    (၂) ဗိုလ်မှူး ခွန်ချို ဒုတိုင်းအုပ်ချုပ်ရေးမှူး 
(ဃ) ကချင်ပြည်နယ်တောင်ပိုင်းအုပ်ချုပ်ရေးအဖွဲ့(တပ်မဟာ-၄) 
   (၁) ဗိုလ်မှူးကြီး ဇော်ဒန် တိုင်းအုပ်ချုပ်ရေးမှူး
   (၂) ဗိုလ်မှူး ဇော်ဖန် ဒုတိုင်းအုပ်ချုပ်ရေးမှူး (ကွတ်ခိုင်ခရိုင်အုပ်ချုပ်ရေးမှူး)
    (၃) ဗိုလ် တူးဂေါင် (လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး)
၄၇။ ကေအိုင်အေမှာမူ စည်းရုံးရေးဆိုင်ရာသီးခြားအဖွဲ့ အစည်းအဝေးတစ်ရပ်ဖြစ်ပြီးကာကွယ်ရေး (ကေအိုင်အေ) အုပ်ချုပ်ရေးအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ရသည်။ ကေအိုင်အို ကို အောက်ပါ အတိုင်း ခေါင်းဆောင် ကြသည်-
(က) ဗိုလ်မှူးချုပ် ဇော်တူး= ဥက္ကဌ တပ်မဟာ(၂)
(ခ) ဗိုလ်မှူးကြီး တူးဂျိုင် =ဒု-ဥက္ကဌ တပ်မဟာ(၁)
(ဂ) ဆလန်ကဘာ ပုံရွှေဇော်ဆိုင်း = အတွင်းရေးမှူး
(ဃ) ဗိုလ်မှူးကြီး ဇော်ဒန် = တွဲဖက်အတွင်းရေးမှူး
(င) ဒု-ဗိုလ်မှူးကြီး လမာလရိန်း = အဖွဲ့ဝင်
(စ) ဒုဗိုလ်မှူးကြီး ဇော်မိုင်= အဖွဲ့ဝင်
(ဆ) ဗိုလ်မှူးကြီး မရန်ဘရန်တောင် = အဖွဲ့ဝင်
(ဇ) ဆလန်ကဘာ မရန်ဘရန်ဆိုင်း = အဖွဲ့ဝင်
၄၈။ စင်စစ် ကချင်သောင်းကျန်းသူများသည် လက်နက်ကိုင်တပ်၊ အုပ်ချုပ်ရေးအဖွဲ့နှင့် စည်းရုံးရေးအဖွဲ့ တို့ကို ကျေးရွာအဆင့်အထိခွဲခြား၍ စနစ်တကျဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ သို့သော်ခေါင်းဆောင်မှု အားလုံးမှာမူ ဇော်ဆိုင်း၊ ဇော်တူး၊ ဇော်ဒန် ဟူသောဇော်ညီအစ်ကို သုံးဦးလက်ထဲတွင်သာ ရှိနေ သည်။ ဇော်ဆိုင်း သည် ကချင် သောင်းကျန်းသူများ၏နံပါတ်(၁) ခေါင်းဆောင်နေရာတွင်ရှိပြီး ထိုင်းနိုင်ငံတွင်သာနေထိုင်သည်။ ပြည်တွင်းရှိ ကေအိုင်အေများအားနံပါတ်(၂)ခေါင်းဆောင် ဖြစ်သူ ဇော်တူး
ကသာကွပ်ကဲအုပ်ချုပ်နေသည်။ ရှေ့တန်းစစ်ဦးစီး ဌာနချုပ်(အက်ဖ်ဂျီအိပ်ချ်ကြူ)ကို ဗိုလ်ဇော်ဂန် ဦးစီးအင်အား ၅ဝ ခန့်ဖြင့် မဂျီဘွမ်ဒေသ ကော့လွန်ရွာပုန်း (အင်န်အိပ်ခ်စ် ၆၂၁၂) တွင် ဖွင့်လှစ်ထားပြီး စစ်ဦးစီးဌာနချုပ် (ဂျီအိပ်ချ်ကြူ)မှာမူ ခန့်မှန်း(အင်ဝိုင် ၆၁၇၃) တွင်ရှိသည်။
၄၉။ ကချင်သောင်းကျန်းသူများတွင် ကေအိုင်အေ (ခေါ်) လက်နက်ကိုင်တပ်၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ကေအိုင်အိုဟူ၍ အဖွဲ့အစည်းသုံးရပ်ရှိပြီး ကေအိုင်စီ (ခေါ်)ကချင်လွတ်မြောက်ရေးကောင်စီကကွပ်ကဲဦးစီး နေသော်လည်း ကေအိုင်အေလက်နက်ကိုင်အဖွဲ့သာ ထင်ရှားသည်။ ထို့ကြောင့် ကချင်သောင်းကျန်းသူများ အားလုံးကို ကေအိုင်အေဟူ၍သာ ယေဘုယျ အားဖြင့် ခေါ်ဆို ခဲ့ကြ သည်။ ကေအိုင်အေတို့သည် တပ်မတော်နှင့် ဗကပအကြားတွင် စစ်ရေးအခြေအနေအရ အခွင့်သာသည့် အလျောက် ချဉ်ကပ်၍ တစ်ဖက်နိုင်ငံ၏အကူအညီဖြင့် အင်အားကြီးထွားလာစဉ် ဗကပများမှာလည်း ကေ အိုင်အေနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများ ကို ရင်ဆိုင်လာရသည်။
၅ဝ။ ဗကပများ၏ကေအိုင်အေအပေါ် သဘောထားမှာ တန်းတူရည်တူမဟာမိတ်အဖြစ် သဘောထားရန် မဟုတ်ဘဲ လက်အောက်ခံအဖွဲ့အစည်းအဖြစ် အမြတ်ထုတ်ပြီး မှ မိမိ၏ပါတီအတွင်းသို့ သိမ်းသွင်းလိုက် ရန်သာ ရည်ရွယ်ခဲ့သည်။ ဗကပများသည် ကေအိုင်အေများအား လူမျိုးရေးအရ ခေါင်းဆောင်မှု လွယ်ကူစေ ရန် နော်ဆိုင်အား စစ်ရေးတာဝန်ခံ အဖြစ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ နော်ဆိုင်းသည် ကေအိုင်အေ အား မတိုက်ခိုက်ရန်ပြင်း ထန်စွာငြင်းခုန်ဆွေးနွေးခဲ့သောကြောင့် ဗကပများက နော်ဆိုင်းအပေါ် မကျေနပ်တော့ပေ။ထို့ကြောင့်ဗကပ ခေါင်းဆောင်ခင်မောင်ကြီးသည် နော်ဆိုင်းနှင့်ဝလူမျိုး ခေါင်းဆောင်
တစ်ဦးအား ၁၉၇၂ ခုနှစ်၊ မတ်လ ၈ ရက်နေ့ တွင်ဖမ်းဆီး၍ ရိုက်သတ်စေခဲ့သည်။ ထို့နောက် နော်ဆိုင်းသည် တောလည် သွားရင်းချောက် ထဲ လိမ့်ကျ၍သေဆုံးခဲ့ရကြောင်းလိမ်ညာကြေ
ညာခဲ့သည်။ ကေအိုင်အေများကလည်း နော်ဆိုင်းမှာ အသတ်ခံရခြင်းဖြစ်ကြောင်း ရိပ်မိသိရှိကြလေရာဗကပဆန့်ကျင်ရေးဝါဒဖြင့် စာရွက်စာတမ်းများ ဖြန့်ချီကြပြီး အခြေအနေတင်းမာလာကြပြန်သည်။ တိုက်ခိုက်မှုများလည်းဖြစ်ပွားလာသည်။ သို့နှင့် ဗကပနှင့်ကေအိုင်အို တို့သည်ဆက်ဆံရေး ပြေလည်လိုက်၊ တင်းမာလိုက်နှင့် တောက်လျှောက် ပဋိပက္ခ ဖြစ်ပွားခဲ့လေရာ
မဟာမိတ်ဖွဲ့ စည်းမှုများမှာလည်းယာယီသာလျှင် ဖြစ်ခဲ့ရ လေသည်။
၅၁။ ကေအိုင်အေနှင့်နာဂသောင်းကျန်းသူများ။ ကေအိုင်အေသည် မိမိအကျိုးကျေးဇူးအတွက် အိမ်နီးချင်း နိုင်ငံအားလုံးနှင့် ဆက်သွယ်ကြိုးပမ်းခဲ့သည့်နည်းတူ သောင်းကျန်းသူ အဖွဲ့အစည်း အားလုံးနှင့် လည်း ဆက်သွယ်ခဲ့ကြသည်။ ဗကပကဲ့သို့ အင်အားကြီးမားသော အဖွဲ့အစည်းမျိုးကို စစ်ရေးအရ ထိန်းသိမ်း ရင်ဆိုင်နိုင်လျှင် ရင်ဆိုင်ထိန်းသိမ်းပြီး အခြေအနေအရရင်မဆိုင်နိုင်ပါက ယာယီမဟာမိတ်ဖွဲ့ခဲ့ သည်။ သောင်းကျန်းသူ အဖွဲ့အစည်းငယ်များကိုမူ သိမ်းသွင်းဝါးမျိုရန်ကြိုးစားခဲ့သည်။ အိန္ဒိယနိုင်ငံမှ ဖီဇိုနာဂ၊ မီဇိုသောင်းကျန်းသူ များသည် ပြည်ပ၏အကူအညီဖြင့် ဆူပူသောင်းကျန်းလျက်ရှိကြလေရာ ကေအိုင်အေတို့ သည် ပြည်ပနိုင်ငံနှင့် ဆက်သွယ်ရေးတွင် ကြားခံဆောင်ရွက်ပေးပြီး အမြတ်ထုတ်ကြသည်။ ဖီဇိုနာဂ သောင်း ကျန်းသူများကို မိမိနိုင်ငံ အတွင်းသို့ဖြတ်သန်းကျူးကျော်စေပြီး ပြည်ပနိုင်ငံတွင် သင်တန်းတက် ရန်ပို့ပေးခဲ့သည်။ ပြည်ပနိုင်ငံတွင် သင်တန်းတက်၍ လက်နက်တပ်ဆင်ကာပြန်လာသော ဖီဇိုနာဂ သောင်း ကျန်းသူများထံမှ လက်နက်ခဲယမ်းအချို့ကို ခွဲဝေရယူ သည်။ အဖွဲ့ငယ်လေးများ ကွဲထွက် လာလျှင်မူကား လက်စတုံးဖျောက်ဖျက်သုတ်သင်၍ လက်နက်ခဲယမ်းများကို သိမ်းယူလေ့ရှိကြသည်
၅၂။ ၁၉၇၃ ခုနှစ် မတ်လတွင် မီဇိုသောင်းကျန်းသူ တစ်ဖွဲ့ကို ပြည်ပနိုင်ငံသို့ပို့ပေးခဲ့သည်။ ၁၉၇၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင်မူ ပြည်တွင်းနာဂသောင်းကျန်းသူများနှင့် စာချုပ် ချုပ်ဆိုခဲ့ပြီးယင်းစာချုပ်တွင်
ကေအိုင်အေက စစ်သင်တန်းနှင့် လက်နက်များကူညီထောက်ပံ့မည်ဖြစ်ကြောင်း၊လွတ်လပ်ရေးရရှိပါက ကချင်ပြည်နယ်အတွင်းရှိ နာဂနယ်မြေအား သမိုင်းအစဉ်အလာသတ်မှတ်ချက်အတိုင်း ခွဲဝေပေးမည် ဖြစ်ကြောင်း သဘောတူခဲ့ သည်။ နောက်ပိုင်းတွင်ကေအိုင်အေနှင့် ပြည်တွင်း၊
ပြည်ပနာဂလှုပ်ရှားမှုများ ပိုမိုများပြားလာပြီး ၁၉၇၄ ခုနှစ်တွင် အိန္ဒိယ-မြန်မာနယ်စပ် နန့်ယွန်းမြို့နယ်၌ ကေအိုင်အေ နှင့်ခပ်ပလန်နာဂသောင်းကျန်းသူများ ပူးပေါင်းလှုပ်ရှား လာပြီး ခါးရှည်(အင်န်အက်စ် ၄၂၅၇)၏ အနောက်တောင်ဘက် အိန္ဒိယ-မြန်မာနယ်စပ်တွင် နာဂသောင်းကျန်းသူ အင်အား ၁ဝဝ အား ကေအိုင်အေက သင်တန်းပေးခဲ့သည်။ စင်စစ်ကေအိုင်အေတို့သည် မိမိအသက် ရှူချောင်ရေး၊ အမြတ်ရရေး အတွက် ဖီဇိုနာဂနှင့်မီဇို(လူရိုင်း)များအား အကူအညီပေးခြင်း၊ ပြည်တွင်း နာဂများအား မြှောက်ပင့် သွေးထိုး၍ အကူအညီပေးခြင်း၊ ထွန်းရွှေမောင်၏အေအိုင်အေ (ခေါ်) ရခိုင်သောင်း ကျန်းသူအဖွဲ့ ပေါ်ပေါက် လာရန် ကူညီပေးခြင်းတို့ကိုပြုလုပ်နေခြင်းသာဖြစ်လေသည်။

ဆက်လက်ဖော်ပြပေးပါမည်……… 

စာရေးသူ Oppositeye myanmar at 7:00 AM
စာပေအမျိုးအစား ကချင်သောင်းကျန်းသူသမိုင်း

No comments:

Post a Comment